close

နိုင်ပွဲပြန်ရှာနိုင်ခဲ့သဖြင့် စိတ်သက်သာရာရခဲ့ဟု ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာဝန်ခံ

နိုင်ပွဲပြန်ရှာနိုင်ခဲ့လို့ စိတ်သက်သာရာရခဲ့ကြောင်း ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာက ပြောသွား ပါတယ်။

ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ နောက်ခံလူ ဖိုဖာနာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ နိုင်ပွဲရခဲ့ပြီး ဖိအားများနေတဲ့ နည်းပြပေါ်တာကို စိတ်သက်သာရာ ရစေ ခဲ့တာပါ။

နိုင်ပွဲတစ်ပွဲရရုံနဲ့ လုံလောက်မှုမရရှိသေးပေမယ့်လည်း ခြေစွမ်းတိုးတက်လာအောင် လုပ် ဆောင်ရာမှာက နည်းပြတစ်ယောက်မှာ တာဝန်ရှိတယ်လို့ ပေါ်တာကပြောပါတယ်။ 

“စကားတွေ ပြောနေတာထက်စာရင် နိုင်ပွဲတွေရယူပြီး ပြသဖို့လိုအပ်ခဲ့တယ်။ ကျနော်တို့ နာကျင်မှုတွေ ခံစားခဲ့ရပြီးဖြစ်လို့ ဒီလိုနိုင်ပွဲပြန်ရချိန်မှာ ကစားသမားတွေနဲ့ အသင်းပရိသတ်တွေ အတွက် တကယ်ပဲဝမ်းမြောက်ကျေနပ်မိပါတယ်” လို့ နည်းပြဂရေဟမ်ပေါ်တာက ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ လိဒ်ယူနိုက်တက်ပွဲကို အနိုင်မရခင် နောက်ဆုံး ၁၁ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့တာပါ။

ကြားရက်မှာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ရူံးထွက် ဒုတိယအကျော့ဆက်ကစားမှာဖြစ်ပြီး နည်းပြပေါ်တာအတွက် ရလဒ်ကောင်းရယူပေးနိုင်ဖို့ လိုအပ်နေပါတယ်။

Up