close

အောင်မင်္ဂလာအဝေးပြေးကားဝန်အနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ရဲနှစ်ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းနားက အမှတ် ၂ စစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ God's Hand Force  ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ GHFအဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေးအပြင်မှာ ဖွင့်ထားတဲ့ ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်ကို ဧပြီ ၁ ရက် မနက် ၉ နာရီ ၁၀ မိနစ်လောက်က  အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆရာကျောင်းက  "ကားဝင်းအပြင်ဘက်က ဂိတ်ပါ။ တိုက်ခိုက်မှုအပြီးမှာ ရဲနှစ်ယောက်တော့ ဒဏ်ရာရတယ်။ တယောက်က ပြင်းထန်တယ်လို့ ပြောတယ်။ ကျနော်တို့ကတော့ အသေးစိတ် မသိရဘူး" လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုက Yangon UG Association (YUA) ရဲ့ တတိယမြောက် စစ်ဆင်ရေး ဖြစ်ပြီး အရင်က တိုက်ခိုက်မှု ၂၅ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတွေမှာ မပါဝင်ကြဖို့ God’s Hand Force ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-GHFတာဝန်ခံဆရာကျောင်း

Up