close

လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ကို စည်းကြပ်ဒိုင်က တံတောင်ဖြင့်တိုက်ခဲ့မှု စုံစမ်းစစ်ဆေးမည်

လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ကို စည်းကြပ်ဒိုင်က တံတောင်နဲ့တိုက်ခဲ့တဲ့ဖြစ်ရပ်ကို ဒိုင်ကော်မတီက စုံစမ်းစစ်ဆေးမယ်လို့သိရပါတယ်။

အဲဒီဖြစ်ရပ်ဟာ လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပထမပိုင်းပြီးဆုံးချိန်မှာဖြစ်ပွားခဲ့တာပါ။

နောက်ခံလူ ရော်ဘတ်ဆန်က စည်းကြပ်ဒိုင် ကွန်စတန်တီ ဟတ်ဇီဒက်ကစ်ကို စောဒကတက်ဖို့လုပ်ဆောင်စဉ်မှာ စည်ကြပ်ဒိုင်က တံတောင်နဲ့ ကာကွယ်ရင်း တိုက်လိုက်ရာမှာ ရော်ဘတ်ဆန်ရဲ့မေးကို ထိခဲ့ပါတယ်။

အဲဒီအပေါ် ရော်ဘတ်ဆန်က ဒေါသတကြီးဖြစ်ခဲ့လို့ အသင်းဖော်တွေက ဝိုင်းဝန်ဖျန်ဖြေခဲ့ရပါသေးတယ်။

ဒိုင်လူကြီးများအဖွဲ့အစည်း ကတော့ ဒီဖြစ်ရပ်အပေါ် ပြန်လည်သုံးသပ် စစ်ဆေးသွားမယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

သုံးသပ်တင်ဆက်သူရွိုင်ကိန်းကတော့ ရော်ဘတ်ဆန်အနေနဲ့ ပွဲစဉ်အပေါ်နဲ့ ခံစစ်ပိုင်းကိုသာ အာရုံစိုက်သင့်ကြောင်းဝေဖန်ခဲ့ပါတယ်။

Up