close

ဘိုင်ယန်အသင်း ခံစစ်ပိတ်ကစားမည်မထင်ဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာသုံးသပ်

လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ခံစစ်ပိတ်ကစားမယ်လို့ မထင်ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောသွားပါတယ်။

မန်စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ဘိုင်ယန်မြူးနစ်နဲ့ကစားရမယ့် ချန်ပီယံလိဂ်ကွာ တားဖိုင်နယ်ပထမ အကျော့ပွဲစဉ်နဲ့ ပတ်သက်ပြီး နည်းပြဂွာဒီယိုလာက ပြောခဲ့တာပါ။

ဘိုင်ယန်အသင်းအနေနဲ့ ခံစစ် ကစားခဲ့ရင်တောင်မှ မန်စီးတီးအသင်းက ကစားပုံကောင်းမွန်နေလို့သာ ဖြစ်နိုင်ပြီး အီတီဟတ်မှာ ခံစစ်အထိုင်ချပြီး ကစားမဲ့ အသင်းမဟုတ်ကြောင်း နည်းပြဂွာဒီယိုလာက ပြောပါတယ်။ 

ဒါ့အပြင် ဘိုင်ယန်မြူးနစ် အသင်းဟာ ဒုတိယအကျော့ရောက်မှာပဲ အဖြေပေါ်ဖို့ကြိုးပမ်းမဲ့ အသင်းမဟုတ်ဘဲ အီတီဟတ်မှာကတည်းက အနိုင်ရဖို့အတွက်ပဲ ကစားလိမ့်မယ်လို့ ထင်ကြောင်း ဂွာဒီယိုလာက ပြောပါတယ်။

ဘိုင်ယန်အသင်းကို နည်းပြတူချယ်တာဝန်ယူသည်ဖြစ်စေ၊ နည်းပြဟောင်းနာဂယ်စမန်းပဲ ဆက်လက်တာဝန်ယူသည်ဖြစ်စေ ခက်ခဲစွာနဲ့ယှဉ်ပြိုင်ရမှာကတော့ အတူတူပင်ဖြစ်ကြောင်း နည်းပြဂွာဒီယိုလာက မှတ်ချက်ပေးသွားပါတယ်။

Up