စီရော်နယ်ဒို၏ ဥရောပထိပ်သီးလိဂ် သွင်းဂိုးအရေအတွက်ကို မက်ဆီ လိုက်မီ

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ အခုတစ်ပတ်လီဂူးဝမ်းပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ပြီး နောက် ရော်နယ်ဒိုရဲ့ ဥရောပထိပ်သီးလိဂ်သွင်းဂိုးအရေအတွက်ကို လိုက်မီခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဥရောပထိပ်သီးလိဂ် ၅ ခုထဲကနေ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေပြိုင်ပွဲတွေမှာ စုစုပေါင်း ၆၂၆ ပွဲ ကစားခဲ့ပြီး ၄၉၅ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
မက်ဆီဟာလည်း လန်းစ်နဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ပြီး နောက် လာလီဂါနဲ့ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲတွေမှာ ၄၉၅ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ဂိုးဖန်တီးမှုအပိုင်းမှာတော့ ၂၄၅ ကြိမ်ရှိခဲ့ပြီး ၁၅၁ ကြိမ်ပဲရှိတဲ့ရော်နယ်ဒိုထက် အသာရရှိထားပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အာရှတိုက်က ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ပြောင်းရွှေ့ကစားနေတာပါ။ ပြင်သစ်လိဂ်မှာကစားနေတဲ့ မက်ဆီက နောက်ထပ်တစ်ဂိုးသွင်းရုံနဲ့ ရော်နယ်ဒိုကို ကျော်ဖြတ်သွားမှာဖြစ်ပါတယ်။