close

မက်ဂွဲယား လက်ထိဘော ပင်နယ်တီမပေးရတာ ကံကောင်းဟု ရွိုင်ကိန်းသုံးသပ်

နော်တမ်ဟမ်ဖောရက်စ်ကို အနိုင်ရတဲ့ပွဲမှာ  မန်ယူနိုက်တက်နောက်ခံလူ မက်ဂွဲယားရဲ့ လက်ထိဘော ပင်နယ်တီမပေးခဲ့ရတာဟာ ကံကောင်းကြောင်း အသင်းကစားသမားဟောင်း ရွိုင်ကိန်းက ပြောပါတယ်။

မက်ဂွဲယားဟာ ခေါင်းခုန်တိုက်ပေမဲ့ လက်နဲ့ဘောလုံးထိခဲ့ပြီး VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပင်နယ်တီမပေးဖို့ ဒိုင်လူကြီးက ဆုံးဖြတ်ခဲ့တာပါ။

အဲဒီလက်ထိဘောကို ပင်နယ်တီပေးလိုက်ရမယ်ဆိုရင်လည်း မက်ဂွဲယားအနေနဲ့ သိပ်ပြီး စောဒကတက်စရာရှိမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ မက်ဂွဲယားအနေနဲ့ ယူရိုပါလိဂ်မှာ ကိုယ့်ဂိုးကိုယ် သွင်းမိပြီးနောက် ကံကောင်းမှုတစ်ခုနဲ့ ထိုက်တန်ကြောင်းရွိုင်ကိန်းကပြောပါတယ်။

မန်ယူ အသင်းဟာ တောင်ပံတိုက်စစ်မှူး အန်တိုနီနဲ့  နောက်ခံလူဒါလော့တို့က အနိုင်ဂိုးတွေသွင်းယူပေးခဲ့လို့  နော်တမ်ဟမ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ကာ အမှတ်ပေးဇယား တတိယ နေရာမှာ ရပ်တည်နေပါတယ်။ 

Up