close

မန်စီးတီးနှင့်ပွဲသည် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲစဉ်မဟုတ်ဟု အာတေတာ သုံးသပ်

မန်စီးတီးနဲ့ ကစားရမယ့်ပွဲစဉ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲစဉ်မဟုတ် ကြောင်း အာဆင်နယ်နည်းပြအာတေတာက ပြောပါတယ်။

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းပွဲစဉ်အဖြစ်  မန်စီးတီးအိမ်ကွင်း အီတီဟတ်မှာ သွားရောက်ရင်ဆိုင်ရာမှာပါ။

အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ဟာ  မန်စီးတီးထက် နှစ်ပွဲပိုကစားပြီး ၅ မှတ်သာဖြတ်ထားတာပါ။

မန်စီးတီးနဲ့ ပွဲစဉ်ဟာ အလွန်အရေးပါတဲ့ပွဲစဉ်ဆိုတာမှန်ပေမဲ့ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲစဉ်တော့ မဟုတ်ကြောင်း၊ နှစ်သင်းစလုံးအနေနဲ့ နောက်ထပ်ပွဲစဉ်တွေဆက်ကစားသွားရဦးမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

အာဆင်နယ်အနေနဲ့ နောက်ဆုံးသုံးပွဲဆက်တိုက်သရေကျခဲ့ပေမဲ့ မန်စီးတီးနဲ့ ပွဲစဉ် ဟာ အသင်းရဲ့စွမ်းဆောင်ရည်ကောင်းကို ထုတ်ပြရမယ့် အချိန်ကောင်းဖြစ်တယ်လို့လည်း နည်းပြအာတေတာက ပြောသွားပါတယ်။

Up