အာဆင်နယ်အသင်းခေါ်ယူရန် ပစ်မှတ်ထားသည့် ကစားသမားစာရင်း ထွက်ပေါ်

လာမယ့်ရာသီမှာ အာဆင်နယ်အသင်း ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ ကစားသမားစာရင်းထွက်ပေါ် လာပါတယ်။
နည်းပြအာတေတာဟာ ဗဟိုခံစစ်မှူးတစ်ဦး၊ ကွင်းလယ်လူ နှစ်ဦးနဲ့ တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမား တစ်ဦးကို အဓိကထားခေါ်ယူဖို့ ပစ်မှတ်ထားမယ်လို့သိရပါတယ်။ တိုက်စစ်ပိုင်း အတွက်တော့ လီဗာကူဆင်တောင်ပံကစားသမား ဒီယာဘီနဲ့ ခရစ္စတယ်ပဲလေ့က ဇာဟာတို့ထဲက တစ်ဦးကိုခေါ်ယူနိုင်ဖို့ လုပ်ဆောင်မယ်လို့ဆိုပါတယ်။
ဗဟို ခံစစ်မှူးနေရာအတွက် ခရစ္စတယ်ပဲလေ့နောက်ခံလူ မက်ဂူယီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ကွင်းလယ်နှစ်နေရာအတွက် ဝက်စ်ဟမ်းက ဒက်ကလန်ရိုက်၊ ဘရိုက်တန်က ကိုင်စီဒိုနဲ့ ဆောက် သမ်တန်ကရိုမီယိုလာဗီယာ တို့ထဲကတစ်ဦးခေါ်ယူဖို့ ကြိုးပမ်းမယ်လို့သိရပါတယ်။
အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲလည်းကစားရမှာဖြစ်ပြီး လူအင်အားတောင့်တင်းဖို့ နည်းပြအာတေတာက ရည်မှန်းကြိုးပမ်းနေတာဖြစ်ပါတယ်။