အာတီတာကို အာဆင်နယ်က အချိန်ပေးခဲ့မှု မှန်ကန်ကြောင်း နည်းပြလမ်းပတ်ပြော

2
အာဆင်နယ်အသင်းဟာ နည်းပြအာတီတာကို အချိန်ပေးပြီး ဆက်လက်တာဝန်ပေးခဲ့တာက မှန်ကန်ခဲ့ကြောင်း ချဲလ်ဆီးယာယီနည်းပြ လမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ မေ ၃ ရက် မနက် ၁ နာရီခွဲမှာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြအာတီတာကို အာဆင်နယ်ဘက်က အချိန်ပေး ခဲ့တာက မှန်ကန်ခဲ့ကြောင်း လမ်းပတ်က ချီးကျူးခဲ့တာပါ။
နည်းပြအာတီတာအနေနဲ့ ကစားပုံတွေကိုလည်း စမ်းသပ်သုံးစွဲခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ရှင်းလင်းတဲ့ ကစားကွက် ရှိလာခဲ့ကြောင်း၊ အာဆင်နယ်အသင်းနေရာမှာ တခြားအသင်းသာဆိုရင် နည်းပြ နှစ်ဦး၊ သုံးဦးလောက်အထိ ပြောင်းလဲနိုင်ကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းသားတွေအနေနဲ့ ယုံကြည်မှုနဲ့ ခြေစွမ်းနိမ့်ကျနေတာကို ပြင်ဆင်နိုင်ဖို့လိုကြောင်း လည်း နည်းပြလမ်းပတ်က ပြောသွားပါတယ်။