အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သေးဟု နည်းပြအာတီတာပြော

2
အာဆင်နယ်အသင်းအနေနဲ့ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သေးကြောင်း နည်းပြ အာတီတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ ထိပ်ဆုံးက မန်စီးတီးထက် တပွဲ ပိုကစားထားပေမဲ့ ၁ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ချန်ပီယံဆုဖလားရယူနိုင်ဖို့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်ခွင့် မရှိတော့ပေမဲ့လည်း လက်ကျန် ၅ ပွဲ ကစားဖို့ကျန်နေသေးတဲ့အတွက် ချန်ပီယံဖြစ်နိုင်ဆဲပဲလို့ သူက ပြောပါတယ်။
အာဆင်နယ်အသင်းသားတွေအနေနဲ့ ပြီးခဲ့ပွဲစဉ်တွေကနေ သင်ခန်းစာယူပြီး မေ့ပစ်ရမှာဖြစ် ကြောင်း၊ ချဲလ်ဆီးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်အတွက်ပဲ အာရုံစိုက်ပြီး အိမ်ကွင်းပရိသတ်တွေ ရှေ့မှောက်မှာ အနိုင်ယူဖို့ ပြင်ဆင်ထားရမယ်လို့လည်း နည်းပြအာတီတာက ပြောသွားပါတယ်။