close

ပင်လယ်ကွေ့တွင် ဒုတိယမြောက် ရေနံတင်သင်္ဘော ၁ စီးကို အီရန်သိမ်းယူ

ပင်လယ်ကွေ့ထဲမှာ သီတင်းတပတ်အတွင်း ဒုတိယမြောက် ရေနံတင်သင်္ဘောတစင်းကို အီရန်က သိမ်းယူခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

ပင်လယ်ကွေ့ရေပြင်မှာ ၂၀၁၉ ခုနှစ်ကတည်းက စီးပွာရေးဆိုင်ရာ သင်္ဘောတွေကို ဆက်တိုက်ဖမ်းဆီး တိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အထဲမှာ နောက်ဆုံးဖြစ်ရပ်လို့ အမေရိကန် ရေတပ်က ပြောပါတယ်။

ပနားမားအလံတင် ရေနံတင်သင်္ဘောဟာ ကျဉ်းမြောင်းတဲ့ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းချိန် နိုင်ရိုဘီမြို့မှာ အီရန်ရဲ့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်ရေတပ် (IRGCN) နဲ့ မနက် ၆ နာရီ ၂၀ မိနစ်မှာ တွေ့ပြီး သိမ်းဆည်းခံရတာလို့ ဘာရိန်းအခြေစိုက် အမေရိကန် အမှတ် ၅ တပ်မဟာ ရေတပ်က ပြောပါတယ်။

အီရန်ရဲ့ ပထမဆုံး တုံ့ပြန်မှုအနေနဲ့ တရားခံတဦးရဲ့ တိုင်ကြားချက်ကြောင့် ရေနံတင်သင်္ဘောကို အီရန်အစိုးရရှေ့နေက သိမ်းဆည်းရမိခဲ့တယ်လို့ တရားရေးရုံးရဲ့ မီဇန်သတင်းဌာနက ပြောပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။

Up