close

အာဂျင်တီးနားတွင် မက်ဆီ မျက်နှာပုံ ရိုက်နှိပ်ထားသည့် စိတ်ကြွဆေးပြား ၁ ဒါဇင် ဖမ်းမိ

အာဂျင်တီးနားရဲတပ်ဖွဲ့ဟာ ကမ္ဘာကျော် ဘောလုံးစတား လီယွန်နယ်မက်ဆီရဲ့ မျက်နှာပုံကို တံဆိပ်ခတ် ရိုက်နှိပ်ထားတဲ့ အပြာရောင် အက်ခ်တက်ခ်ဆီ စိတ်ကြွဆေးပြား တဒါဇင်ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက မေ ၅ ရက်မှာ ပြောပါတယ်။

ဗျူနိုအေရီးစ် အရှေ့ပိုင်းရှိ ပွာတိုမာဒီရိုရပ်ကွက်က အီလက်ထရွန်နစ်ဂီတ ပါတီပွဲတခုမှာ ဆေးပြားတွေကို ရောင်းချနေတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဒီအမှုကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဖမ်းမိထားသူကိုလည်း ဆက်လက် ဖမ်းဆီးထားပြီးတော့ သံသယရှိသူဟာ တရားရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

Up