close

ချီဖွေမြို့က စစ်ဘေးရှောင်များ ပြည်သူ့စစ်လုပ်ရန် ဖိအားပေးခံနေရ

ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ ခိုလှုံနေတဲ့  စစ်ဘေးရှောင်တွေကို  နေရပ်ပြန်ပါက  ပြည်သူ့စစ်တပ်ဖွဲ့ဝင်လုပ်ဖို့  ဖိအားပေးခံနေရတယ်လို့ စစ်ရှောင်ဒေသခံတွေဆီက သိရပါတယ်။

“နေရပ်ပြန်မယ်ဆိုရင် တစ်အိမ်ထောင် တစ်ယောက်မလုပ်မနေရဆိုပြီး ဒေသခံတွေကြား ပြောနေကြတယ်”လို့  စစ်ရှောင်စခန်းတာ၀န်ရှိသူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

လက်ရှိ စစ်ရှောင်ရွာသားတချို့ နေရပ်ပြန်ဖို့ အိမ်တွေဆောက်လုပ်ပြီးချိန်မှာ ချီဖွေမြို့ကနေ  ၇ မိုင်ကျော်လောက်ဝေးတဲ့ ဂျိတ်လွယ်နဲ့ ရစ်ကျော်ရွာက စစ်ရှောင်ဒေသခံတွေကို စစ်တပ်က ပြည်သူ့စစ်လုပ်ဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။ 

အရင် အန်အယ်လ်ဒီအစိုးရလက်ထက် ရပ်ရွာတွေမှာ ခြုံနွယ်နဲ့ မိုင်းတွေ ရှင်းလင်းပြီး ဖြစ်ပေမဲ့ ချီဖွေမြို့ကနေ တစ်မိုင်ကျော်ဝေးတဲ့  ကံပံယန်စစ်ရှောင်ဒေသခံတွေကတော့ နေရပ်ပြန်ဖို့ ခက်ခဲ‌နေသေးတယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် ကချင်ပြည်နယ် တစ်ကျော့ပြန်စစ်ပွဲပြီးနောက် ဒေသခံတွေဟာ ချီဖွေမြို့ပေါ်ရှိ အသင်းတော်အခြေပြု LBC၊  RC၊ KBC အစရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up