close

အကြမ်းဖက်စစ်အုပ်စုပစ်သတ်မှုကြောင့် LGBTIQ ၅ ဦးထက်မနည်းသေဆုံး၊ ၄၀ ဝန်းကျင် ဖမ်းဆီးခံရ

photo-Aung Myo Min f.b

နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက် စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှု ကြောင့် LGBTIQ ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးအဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

သူတို့ထဲက ၂ ယောက်ကတော့ အပြင်းအထန် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူပေါင်း ၄၃ ယောက်ရှိခဲ့ကာ ပြန်လည်လွတ်မြောက်လာခဲ့သူ ၈ ယောက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးခံနေရဆဲ LGBTQ ၃၅ ယောက်ကတော့ ပုဒ်မ ၅၀၅ နဲ့  အမှုရင်ဆိုင် နေဆဲ ဖြစ်ပြီး လုံခြုံရာနယ်မြေမှာ တိမ်းရှောင်နေသူ ၁၀ ယောက် ရှိနေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက နှိမ်နင်းခံရတဲ့ LGBTQ အရေအတွက်ဟာ အခုရရှိထားတဲ့ ကိန်းဂဏန်း အရေအတွက်ထက် ပိုပြီးတော့ များကောင်းများနိုင်ပြီး ဒီစာရင်းကတော့ ကိုယ့်ကိုကိုယ် ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုထားတဲ့သူတွေကိုသာ ရနိုင်သရွေ့ စုဆောင်းထားတာလို့ ဝန်ကြီးက ပြောပါတယ်။

LGBTIQ တွေဟာလည်း လူသားတွေပဲ ဖြစ်ကြတဲ့အတွက် တခြားလူသားတွေနဲ့ တန်းတူ လွတ်လပ်မှု၊ တရားမျှတမှုကို လိုလားကြပြီး မတရားမှုကို တွန်းလှန်လိုတဲ့ စိတ် ထားတွေရှိကြကာ ဖိနှိပ်မှုကနေကင်းဝေးလိုကြကြောင်းနဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာပါဝင်နေတဲ့ LGBTIQ တွေကို လေးစားစွာနဲ့ LGBTIQ Pride Month ကို ကြိုဆိုကြောင်းလည်း ဝန်ကြီးက ရေးသားထားပါတယ်။

       စစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၄ လကျော်လာခဲ့ပြီဖြစ်ကာ လတ်တလော အချိန်အထိ ကျဆုံးသူပေါင်း ၈၄၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up