close

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းပွဲ တိုကျိုတွင်ကျင်းပ

ဇွန်လ ၁၉ ရက် ဒီနေ့ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်  ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဂျပန်ရောက်  မြန်မာနိုင်ငံသား ၅၀၀ ကျော်လောက်က  မေတ္တာပို့ဆုတောင်းပေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က အမျိုးသမီးနဲ့ ကလေးတွေအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်တာနဲ့ ၊ ညှဉ်းပန်းနှိပ်စက်တာတွေကို ရပ်တန့်ရေးအတွက်လည်း ဒီနေက့မနက် တိုကျိုမှာ  ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ 

NGUအစိုးရမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးရုံး (လူငယ်ရေးရာဝန်ကြီးဌာန) တို့ရဲ့လမ်းညွှန်မှုနဲ့ ဂျပန်၊ ကိုရီယားနဲ့ ထိုင်းအပါအဝင် ၅ နိုင်ငံ ကန်ပိန်းအဖြစ် နိုင်ငံတကာက ပိုမိုသိရှိလာစေဖို့ ပြုလုပ်တာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ မသီရိသစ္စာက ပြောပါတယ်။

ဂျပန်ရောက် တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ မိရတနာထွန်းကလည်း “မြန်မာစစ်တပ်က တိုင်းရင်းသားဒေသတွေမှာ အရင်ဆယ်စုနှစ်များစွာကတည်းက  မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တာပါ။ အခုမင်းအောင်လှိုင်စစ်တပ် လက်ထက်မှာ ရန်ကုန်အပါအဝင်နယ်တွေမှာပါ တွေ့ကြုံနေရပါပြီ။ ဒါကြောင့် ကျမတို့ တိုင်းရင်းသား လူမျိုးမရွေးအားလုံး စုစည်းပြီး စစ်အာဏာရှင်ကိုအမြစ်ဖြုတ်ဖို့ အခုလိုပူးပေါင်းပါဝင်တာ” လို့ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - ဇော်ဇော်လှိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up