close

အိန္ဒိယနိုင်ငံသား ၂၅၀၀ ကိုဗစ်ကာကွယ်ဆေးအတုများ ရရှိ၊ သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီး

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းနဲ့ ကိုလ်ကတ္တားတို့မှာ လူပေါင်း ၂၅၀၀ လောက်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအတုတွေ လက်ခံရရှိခဲ့တယ်လို့ ဒေသခံရဲဌာနက ပြောပါတယ်။

 ကာကွယ်ဆေးအတုတွေဟာ တကယ်တော့ ဆေးဝါးကုသရာမှာ သုံးနေကျ ဆလင်း ခေါ် ဆားဖျော်ရည် သို့မဟုတ် ပဋိဇီဝဆေးတွေ ဖြစ်တယ်လို့ မွမ်ဘိုင်းနဲ့ ကိုလ်ကတ္တားရဲဌာနက ပြောပါတယ်။ 

ကာကွယ်ဆေးအတုတွေဟာ မြို့ကြီး ၂ မြို့က ကာကွယ်ဆေးထိုးရာနေရာ ၁၇ ခုကို ရောက်ရှိခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ပုဂ္ဂလိကဆေးရုံမှ ဆရာဝန်နှစ်ဦးအပါအ၀င် ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ သံသယရှိသူ ၁၀ ဦးကို ရဲက ဖမ်းဆီးထားပါတယ်။

 ရဲတွေဟာ ကာကွယ်ဆေးအတုတွေ အများကြီးနဲ့ အိုင်ဒီနံပါတ်အတုတွေ အများကြီးကို တွေ့ရှိခဲ့ပါတယ်။ 

ကာကွယ်ဆေးအတုတွေရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေတွေ ပေါ်လာရင် ဆေးအတုတွေ ထိုးသွင်းခံထားရသူတွေကို ဂရုစိုက်ပေးဖို့ ဆေးဝန်ထမ်းတွေကို ဒေသခံအာဏာပိုင်တွေက စည်းရုံးရမယ်လို့ ကိုလ်ကတ္တား ကျန်းမာရေးအရာရှိတွေက မှာကြားထား ပါတယ်။ 

ကာကွယ်ဆေးအတုတွေ ထိုးသွင်းခံရသူတွေဟာ အိပ်ချင်နေပြီး လက်မောင်း နာကျင်ကိုက်ခဲတာတွေ ခံစားနေရပါတယ်။ 

သူတို့ကတော့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ တတိယလှိုင်း မတိုင်ခင် အစစ်အမှန်ကာကွယ်ဆေးကို ဘယ်လိုရမလဲဆိုတာကို  အစိုးရိမ်ဆုံးဖြစ်နေရတာပါ။

 ဇွန် ၂၅ ရက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း သန်း ၃၀၀ ကျော် (၃၀၇,၉၄၈,၇၄၄) ထိုးပေးပြီးသွားပြီလို့ Johns Hopkins တက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာစင်တာ (CSSE) အရ သိရပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ COVID-19 ကူးစက်ခံရမှုဟာ ဇွန် ၂၅ ရက်အထိ  သန်း ၃၀ ကျော် (၃၀၁၃၄,၄၄၅) ရှိပြီး သေဆုံးသူပေါင်း ၄ သိန်းနီးပါး ရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up