ရုရှားထုတ်ကိုဗစ်ကာကွယ်ဆေး အီရန်တွင် ပထမဆုံး ထုတ်လုပ်

အီရန်နိုင်ငံက အက်တိုဗာကို ဆေးဝါးလုပ်ငန်းဟာ ရုရှားနိုင်ငံထုတ် စပွန်းနစ်-၅ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်ခဲ့ပြီးပြီလို့ ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံရေး ရန်ပုံငွေအဖွဲ့ RDIF က ဇွန် ၂၆ရက်မှာ ပြောလိုက်ပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ ရုရှားကာကွယ်ဆေးကို ထုတ်လုပ်တဲ့ ပထမဆုံးနိုင်ငံပဲ လို့ RDIF က ပြောပါတယ်။
သယ်ယူပို့ဆောင်ရေး စရိတ်တွေ မကုန်ဘဲ ကာကွယ်ဆေးတွေကို အရှိန်မြှင့်ထုတ်လုပ်ဖို့ ရုရှားက ကူညီမယ်လို့လည်း ပြောပါတယ်။
ရုရှရဲ့ စပွန်းနစ်-၅ ကာကွယ်ဆေးကို ပြည်တွင်းမှာသုံးစွဲဖို့ အီရန်အစိုးရက ဇန်နဝါရီလမှာ အတည်ပြုပေးခဲ့ပြီး ပြည်တွင်းထုတ်လုပ်မှုကိုတော့ ဧပြီလမှာ စတင်ဖို့ စီစဉ်ထားပါတယ်။