ဒါကာတွင် ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဇွန် ၂၇ ရက် ပေါက်ကွဲမှုအတွင်း လူ ၇ ယောက်ထက် မနည်း သေဆုံးပြီး အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ဒါကာမြို့တော် မိုဘာဇာဒေသက လူစည်ကားတဲ့ လမ်းအတွင်း ၃ ထပ် အဆောက်အအုံ တစ်လုံးရဲ့ မြေညီထပ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲရတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။
ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားရတယ်လို့ မြို့ရဲကော်မရှင်နာ မင်းကြီးက သတင်းထောက်တွေကို ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အနားက တခြားအဆောက်အအုံ ၇ လုံးနဲ့ ဘတ်စ်ကား ၃ စီး ပျက်စီးတယ်လို့ အခင်းဖြစ်ရာကို သွားရောက် စစ်ဆေးအပြီး သူက ဆက်ပြောခဲ့ပါတယ်။