မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းမှာ ဇွန်လ ၂၇ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ မြို့တွင်းလုံခြုံရေးအတွက် ရဲနဲ့ စစ်တပ် တို့က လုံခြုံရေးတင်းကျပ်တဲ့ကြားက ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးမှာ မနေ့ည ၇ နာရီ ကျော်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
ည ၇ နာရီ မိနစ် ၄၀ မှာပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပြီး၊ ည ၉ နာရီ ခွဲလောက်မှာတစ်ကြိမ်၊ ည ၁၁ နာရီလောက်မှာ တစ်ကြိမ်နဲ့ ည ၁၂ နာရီအချိန်မှာ တစ်ကြိမ်ထပ်မှန်ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ပေါက်ကွဲမှုတွေမှာ လူထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ မြဝတီမြို့မှာ မနေ့ကအထိတော့ ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။