close

ပူတာအိုခရိုင်တွင်းရှိ ဒလန်များကို ကျည်ဆန်နှင့်အတူ သတိပေးစာပို့

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဒလန်‌တွေကို  ကျည်ဆန်တတောင့်စီနဲ့အတူ အချက် ၄ ချက်ပါ သတိပေးစာတစောင်  ဒလန်ရှင်းလင်းရေးအဖွဲ့က ပေးပို့တယ်လို့ သိရပါတယ်။

သတိပေးစာမှာ CDM သမားတွေ၊ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားသူတွေကို ဖိအားအမျိုးမျိုးပေးနေတဲ့ သစ္စာဖောက်လောက်ကောင် ဒလန်တွေကို လုပ်ရပ်တွေချက်ချင်းရပ်ဖို့၊ ဥပဒေမဲ့လုပ်ရပ်မကျူးလွန်ဖို့၊ တဖွဲ့ဖွဲ့ကိုအားကိုးပြီး တိုင်တန်းတာမျိုးမလုပ်ဖို့၊ မိသားစုတွေခေါ်ပြီး မြို့ကနေ ထွက်ခွာသွားဖို့ စတဲ့စာတစောင်ကို ကျည်တတောင့်နဲ့အတူပေးပို့ထားတာပါ။ 

လိုက်နာခြင်းမရှိရင် ဒလန်နဲ့ သူ့ရဲ့မိသားစုအသက်အန္တရာယ်ကို ညှာတာနေမှာမဟုတ်ဘူးလို့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်သတိပေးလိုက်ကြောင်း ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up