close

စစ်ကိုင်းတိုင်းအတွင်း ကလေးနှင့်တမူးမြို့တို့ ပိုးတွေ့လူနာအများဆုံး ဖြစ်လာ

ကိုဗစ်တတိယလှိုင်းကာလ စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးနဲ့ တမူးမြို့တွေဟာ  ပိုးတွေ့လူနာအများဆုံး မြို့တွေဖြစ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ 

ဇွန်လ ၁ ရက်ကနေ ၂၆ ရက်အထိ စာရင်းတွေအရ ကလေးမြို့မှာ ၈၅၇ ယောက်၊ တမူးမြို့မှာ ၇၃၄ ယောက်ရှိနေပြီး တွန်းဇံမြို့က အယောက် ၄၇၀ နဲ့ တတိယအများဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဇွန် ၁ ရက်မှ ၂၆ ရက်အတွင်း ပြည်တွင်း ကူးစက်လူနာ ၈၄၃၀ ယောက် ရှိပြီး ပြည်ပက  ဝင်လာသူတွေဆီမှာတော့ ပိုးတွေ့လူနာ ၂၉၆ ယောက်ရှိကာ  ပြည်ပပြန်တွေထဲက  ထိုင်းနိုင်ငံ နယ်စပ်က   ၁၀၅ ယောက်၊ မလေးရှားက အယောက် ၇၀၊ ဘင်္ဂလားဒေ့ရှ်က  ၆၅ ယောက်စီနဲ့ အများဆုံးဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တနေ့တာ အများဆုံး ဓာတ်ခွဲစစ်ဆေးနိုင်တဲ့ အရေအတွက်မှာ ငါးထောင်ကျော်လောက်ပဲရှိပြီး၊ ယခင်အာဏာမသိမ်းမီ ဇန်နဝါရီလက နှစ်သောင်းခွဲလောက်စစ်ဆေးနိုင်ခဲ့တာကြောင့် ဓာတ်ခွဲစစ်ဆေးနိုင်စွမ်းမှာ ငါးပုံတပုံလောက်သာရှိပါတယ်။ 

လက်ရှိတတိယလှိုင်းမှာပဲ  ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲ တဲ့ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိထားကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။

လက်ရှိမှာလည်း  ပိုးတွေ့များတဲ့  မြို့တွေကို စတေးဟုမ်း သတ်မှတ်ထားပြီး အခုနောက်ဆုံး ရှမ်းပြည်နယ်၊ လားရှိုးအပါအဝင် စတေးဟုမ်း မြို့နယ် (၁၀) မြို့နယ်ရှိပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up