ဘင်္ဂလားဒေ့ရှ်တွင် အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် ဇူလိုင် ၁ ရက်နေ့ စတင်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး တင်းကြပ်တဲ့ အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက်ကို ဇူလိုင် ၁ ရက် စတင် ကျင့်သုံးမှာဖြစ်လို့ မြို့တော်ဒါကာရဲ့ အပြင်ဘက် ကီလိုမီတာ လေးဆယ်အကွာက ကူးတို့ဆိပ်ကမ်းဆီကို လူတွေ အများအပြားသွားနေကြပါတယ်။
ပြည်လုံးကျွတ် ပိတ်ဆို့ကန့်သတ်ချက် လော့ဒေါင်းကာလအတွင်း လှုပ်ရှားသွားလာမှုတွေကို ကန့်သတ်မှာ ဖြစ်ပြီး ရုံးတွေကိုလည်း ပိတ်ထားမှာပါ။
ဒီလုပ်ဆောင်ချက် ဘယ်တော့ အဆုံးသတ်မယ်ဆိုတာကိုတော့ အရာရှိတွေက မပြောခဲ့ပါဘူး။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ စုစုပေါင်း ၈၈၈၄၀၀ ကျော် နဲ့ ကူးစက်ခံ သေဆုံးသူ ၁၄၁၇၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။