close

စစ်အစိုးရဟု သုံးနှုန်းပါက အရေးယူမည်ဟု အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ ခြိမ်းခြောက်

နိုင်ငံခြားသတင်းဌာနတွေအနေနဲ့ သတင်းရေးသားရာမှာ စစ်အစိုးရလို့ သုံးနှုန်းဖော်ပြပါက အရေးယူမယ်လို့  အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က ခြိမ်းခြောက် အသိပေးကြေညာ ထားပါတယ်။   

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင် သိမ်းယူပြီးနောက် နိုင်ငံတကာမီဒီယာတွေမှာ Military Junta စစ်အစိုးရ ၊ Military Council  စစ်ကောင်စီ ၊ Junta အာဏာသိမ်းအစိုးရ၊   coup d'etat  စသဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့တာဖြစ်ပါတယ်။ 

ဒီလိုသုံးနှုန်းတာတွေ မလုပ်ဖို့နဲ့ အသိပေးကြေညာချက်ကို ဇွန်လ ၃၀ ရက်ထုတ်  စစ်တပ်အာဘော် သတင်းစာတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီဖော်ပြချက်ထဲမှာ “နိုင်ငံတော်အစိုးရအား နိုင်ငံခြားသတင်းဌာနအချို့က military council/ military junta/ junta ဟု သုံးနှုန်းနေမှုတွေကို နောင်တွင် သုံးစွဲမှုမပြုလုပ်ရန်၊ သတင်းမှားတွေ ကိုးကား ချဲ့ကား ရေးသားခြင်းများ မပြုလုပ်ရန်၊ အသုံးအနှုန်း လွဲမှား သုံးစွဲခြင်း၊ သတင်းမှားများ ကိုးကားချဲ့ကား ရေးသားခြင်း၊ သတင်းမှားများ ဖြန့်ဝေခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်”လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စအပေါ် ရိုက်တာသတင်းဌာနက ဖုန်းဆက်သွယ် မှတ်ချက်တောင်းခံတာကို ပြန်ကြားရေး၀န်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးရော စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူရော တယောက်မှ ဖုန်းလက်ခံဖြေဆိုခြင်း မပြုပါဘူး။ 

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ သတင်းစာဆရာ အမြောက်အများကို ဖမ်းဆီးထောင်ချတာ၊၊ လွတ်လပ်တဲ့ မီဒီယာ အဖွဲ့အစည်းတွေရဲ့ လိုင်စင်တွေကို ရုပ်သိမ်းတာနဲ့ အင်တာနက်အသုံးပြုခွင့်ကို ကန့်သတ်တာတို့ အတွက် စာနယ်ဇင်း လွတ်လပ်ခွင့်အဖွဲ့တွေက ဝေဖန်နေကြတာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up