close

မန္တလေး ၇ မြို့ နယ်ကို စစ်ကောင်စီက Stay at Home သတ်မှတ်

မန္တလေးခရိုင်ထဲက  မြို့နယ် ၇ မြို့နယ်ဖြစ်တဲ့ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး နဲ့ အမရပူရတို့ကို ဇူလိုင်လ ၂ ရက်နေ့ကစပြီး Stay At Home မြို့နယ်တွေအဖြစ် စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်။ 

စစ်ကောင်စီက ကြေညာချက်ထုတ်ပြီး သတ်မှတ်လိုက်ပေမယ့် မြို့ခံတွေကတော့ အသွားအလာမပျက်ရှိနေပြီး Mask တပ်တာ၊ Social Distancing နဲ့ နေတာတွေမပြုလုပ်ကြဘဲ ကိုဗစ်စည်းကမ်းတွေကိုလိုက်နာမှုအားနည်းနေပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေမပိတ်တဲ့အတွက် စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းဟာ မထိရောက်ဘူးလို့ မြို့ခံတွေကပြောပါတယ်။

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီ အစိုးရလက်ထက်တုန်းက စနစ်တကျကိုင်တွယ်ခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာ ကာကွယ်ကုသရေးအတွက်မူဝါဒ ကောင်းကောင်းမရှိသေးသလို ကွာရန်တင်းဝင်ရမယ့်သူတွေကိုထားဖို့နေရာ၊ ကူးစက်ခံရသူတွေကို ကုသပေးမယ့်နေရာတွေလည်း မစီစဉ်ပေးနိုင်သေးပါဘူး။

မန္တလေးမြို့ခံတွေကတော့ ရောဂါကူးစက်ခံရရင်တောင် စစ်ကောင်စီလက်ထဲမှာ ဆေးကုသတာခံဖို့ စိုးရိမ်ထိတ်လန့်တာနေတယ်လို့ ပြောပါတယ်။

မန္တလေးမြို့မှာ တစ်ရက်ကို ပျှမ်းမျှ ကိုဗစ် ပိုးတွေ့လူနာ ၅၀ ပတ်ဝန်းကျင်ရှိပြီး ကုသရေး စင်တာတွေမှာ နေရာ မလောက်တဲ့အထိ ဖြစ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

ပထမနဲ့ဒုတိယလှိုင်းတွေတုန်းကလို အလှူရှင်တွေမရှိတော့တဲ့အတွက် အခြေခံလိုအပ်ချက် PPE ဝတ်စုံတွေတောင် မလောက်ဘူးလို့ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ ဇူလိုင် ၂ရက်နေ့ထုတ်ပြန်ချက်အရ ပိုးတွေ့အများဆုံး ၁၀ မြို့နယ်တွေဖြစ်တဲ့ ကလေး၊ တမူး၊ လက်ပန်းတန်း၊ တွန်းဇံ စတဲ့မြို့နယ်တွေထဲမှာ  မန္တလေး ၇ မြို့နယ်မပါဝင်ဘဲ  Stay At Home အဖြစ် စစ်ကောင်စီကသတ်လိုက်တဲ့အတွက် မြို့ခံတွေက ဝေဖန်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ ၁ ရက်မှ ၂၆ ရက်အထိ စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းတွေအရ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၈၄၀၀ ကျော်ရှိလာပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up