close

မူဆယ်မြို့ ၌ ၂ ရက်အတွင်း ကိုဗစ်-၁၉ လူနာ ၅၃ ဦးတွေ့ရှိ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မှာ  ၂ ရက်အတွင်း ၆ လ အရွယ်ကလေးနဲ့ ဗိုလ်အဆင့်ရှိသူ အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၃ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မူဆယ်မှာ ဇူလိုင် ၄ ရက်က အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း အယောက် ၂၀ နဲ့ ဇူလိုင် ၃ ရက်နေ့က ၆ လ၊ ၁ နှစ် အရွယ် ကလေးတွေအပါအဝင် ပိုးတွေ့ လူနာ အမျိုးသား ၁၆ ဦး၊ အမျိုေသမီး ၁၇ ဦး စုစုပေါင်း ၃၃ ဦးတွေ့ရှိခဲ့တယ်လို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ  တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အကောက်ခွန်ဝန်ထမ်းတွေ၊ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သားတွေ၊ ရဲအုပ်အဆင့် အပါအဝင် ရဲဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်း၊ စာတိုက်ဝန်ထမ်းနဲ့ မြန်မာအလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေး ရုံးဝန်ထမ်း စတဲ့ ဌာနဆိုင်ရာက ဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ဈေးသည်၊ ယာဉ်မောင်း၊ ကျပန်းအလုပ်သမား၊ ဆိုင်ဝန်ထမ်းတွေနဲ့ တောင်ယာလုပ်သူတွေ ပါတယ်လို့ ဆိုပါတယ်။

မူဆယ်မြို့ တောင်ရပ်ကွက်က‌ ပိုးတွေ့နှုန်း မြင့်လာတာကြောင့် ကိုယ့်ရပ်ကွက်ကိုယ် lockdown ချလိုက်ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့ရှိ လက်ဖက်ရည်ဆိုင် အပါအဝင် စားသောက်ဆိုင်အားလုံး ဆိုင်ထိုင် စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ဇူလိုင် ၃ ရက်နေ့က စည်ပင်သာယာရေးဌာနက အမိန့်ထုတ်ထားပြီး ဒီနေ့ စတင်မယ်လို့ သိရပါတယ်။

အမိန့်ညွှန်ကြားချက်အတိုင်း မလိုက်နာ‌ပါက စည်ပင်သာယာရေးဥပဒေ၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ မူဆယ်က ပိုးတွေ့ လူနာတွေကို မူဆယ်ခရိုင် ပြည်သူ့‌ဆးရုံကြီး သီးသန့်ဆောင်မှာ ဆေးကုသမှုခံယူနေပြီး ပိုးတွေ့ လူနာ ၁၂၀ ကျော် ရှိပြီ ဖြစ်ပြီး ကိုဗစ်တတိယလှိုင်းကာလမှာ ၁ ဦး သေဆုံးပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up