အသင်းလက်မဲ့ မက်ဆီကိုခေါ်ယူရန် ပီအက်စ်ဂျီအသင်း ကမ်းလှမ်းထား

ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ မက်ဆီကိုခေါ်ယူနိုင်ဖို့ ကမ်းလှမ်းထား ပါတယ်။
လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်က ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်လို့ အသင်းလက်မဲ့ဖြစ်သွားတာပါ။
ဘာစီလိုနာနဲ့ ၂ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုမယ်လို့ သတင်းထွက်ပေါ်နေချိန်မှာ ပီအက်စ်ဂျီအသင်းဘက်က မက်ဆီကို ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ စပိန်သတင်းစာ AS က ဖော်ပြပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလား ယှဉ်ပြိုင်ကစားနေပြီး ပြိုင်ပွဲအပြီးမှပဲ အနာဂတ်ကို စဉ်းစားပြီး ဆုံးဖြတ်ချက်ချမယ်လို့ မက်ဆီက ပြောထားပါတယ်။
အသက် ၃၄ နှစ်ရှိ မက်ဆီဟာ မနှစ်ရာသီအစကတည်းက ဘာစီလိုနာကနေ ထွက်ခွာဖို့ဆန္ဒရှိခဲ့ပြီး အသင်းနဲ့ ပြဿနာမဖြစ်ချင်တာကြောင့် တစ်ရာသီဆက်ရှိခဲ့တာဖြစ်ပါတယ်။