မန္တလေးဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး သေဆုံး




1.6K
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် သေဆုံးသွားပါတယ်။
ဒီနေ့ သေဆုံးသွားတဲ့ လူနာ နှစ်ယောက်ရဲ့ အလောင်းတွေကို ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အေးရိပ်ငြိမ်သုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
မန္တလေးဆေးရုံကြီးမှာ ဇွန်လ ၅ ရက်မှ ဇူလိုင်လ ၃ ရက်အထိ ပိုးတွေ့လူနာ ၂၃၉ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၆၄ ဦးရှိကာ လက်ရှိဆေးကုသမှုခံယူနေသူ ၁၄၆ ဦးနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးတဲ့သူ ၂၉ ဦး အထိရှိတယ်လို့ သိရပါတယ်။