close

ပြည်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇ ဦးရှိလာ

ပဲခူးတိုင်း ပြည်မြို့မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ သေဆုံးသူ ၇ ဦးထိ ရှိလာခဲ့ပြီလို့ ဒေသခံ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ပရဟိတအဖွဲ့ဝင် တဦးက "ဇူလိုင် ၃ ရက်နေ့က စစ်ကဲလမ်းလူနာက ပထမဆုံးပေါ့၊ အဲ့မနက်ပဲ ပြည်ဆေးရုံကြီးက အတည်ပြုလူနာ ၂ ယောက်ထပ်ဆုံးတယ်။ အောင်လံမြို့က လူနာတစ်ဦး ပြည်ဆေးရုံကြီးမှာ ထပ်ပြီးသေဆုံးခဲ့လို့ အဲ့ဒီနေ့မှာပဲ သေဆုံးသူ ၄ ဦးရှိခဲ့တယ်။ ဇူလိုင် ၄ ရက်နေ့မှာတော့ ၂ ဦးနဲ့ ဇူလိုင် ၅ ရက်နေ့မှာ ၁ ဦး သေဆုံးခဲ့လို့ စုစုပေါင်း ၇ ဦးရှိပြီ” လို့ ပြောပါတယ်။

ဇူလိုင် ၅ ရက်နေ့က သေဆုံးသွားတဲ့ လူနာဟာ ရန်ကုန်မြို့မှာ ဆေးကုဖို့သွားရင်း ဆေးစစ်ကြည့်တဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ပြည်မြို့ကိုပြန်လာပြီး အိမ်မှာဆေးကုသရင်း သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ သာယာဝတီ၊ လက်ပံတန်းနဲ့ မင်းလှမြို့နယ်တွေကိုတော့ Stay at Home အဖြစ်သတ်မှတ်ခံထားပြီး၊ လူသေဆုံးမှုအများဆုံးက လက်ပံတန်းပြီးပါက ပြည်မြို့နယ်က ဒုတိယအများဆုံးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up