close

ထိုင်းလမ်းပြအကူအညီဖြင့် တရားမဝင် လာရောက်သည့် မြန်မာ ၁၁ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံသား ၃ ယောက်ရဲ့ အကူအညီနဲ့ တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ယောက်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာ  ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ကင်းကင်းလှည့်တပ်ဖွဲ့ဟာ တာ့ခ်ခရိုင်လိုင်စင်ပလိတ်ပြားနဲ့ ပစ်ကပ်ကားတစီးကို မသင်္ကာဖွယ်တွေ့ရှိခဲ့တာကြောင့် စောင့်ကြည့်ခဲ့ကြပြီး ညသန်းခေါင်အချိန်မှာတော့ အနီး နားနယ်စပ်သစ်တောထဲက လူအုပ်စုတစုဟာ အဆိုပါ ကားဆီဦးတည်လာနေခဲ့ကြတာကို စစ်ဆေးတွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီနောက် သူတို့ကို ရပ်တန့်စေကာ လိုအပ်တဲ့ အထောက်အထားတွေ စစ်ဆေး မေးမြန်းချိန်မှာတော့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ ၁၁ ယောက်နဲ့အတူ ယာဉ်မောင်းဖြစ်သူ ထိုင်းအမျိုးသား ၁ ယောက်၊ အမျိုးသမီး ၂ ယောက်တို့ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသားယာဉ်မောင်းရဲ့ နာမည်ကိုတော့ ဘွန်းလို့ သတင်းမှာဖော်ပြထားပြီး မဲဆောက်ခရိုင်၊ သာဆိုင်လွတ်ဒ်ဒေသထဲမှာ နေထိုင်တယ်လို့ ဆို ပါတယ်။

အဲဒီနောက် သူတို့အားလုံးကို မဲဆောက်ဆေးရုံဆီ ပို့ဆောင်ကာ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ ခန္ဓာကိုယ်အပူချိန်တိုင်း စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ချိန်မှာတော့ အားလုံးမှာ သံသ ယဖြစ်ဖွယ် လက္ခဏာ တစုံတရာ မတွေ့ရှိခဲ့ရ ဘူးလို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို မဲဆောက်ရဲစခန်းဆီ ပို့ဆောင်ထားခဲ့ပြီး ဉပဒေအရ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Photo Credit- Bangkok Post

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up