close

ကယားပြည်နယ် စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ လိုအပ်နေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စုအတွင်းက တော၊ တောင်တွေမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူအညီ လိုအပ်နေပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စုအတွင်းက တော၊ တောင်တွေမှာ ယာယီမိုးတဲထိုးပြီး နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ ကူညီပေးဖို့ လိုအပ်နေပါတယ်။

စစ်ဘေးရှောင်နေတဲ့ ဒီးမော့ဆိုမြို့မြိုနယ် လီဝိုးရွာသားက “ကျနော်တို့ လီဝိုးကျေးရွာအနေနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဒီနေရာက သူတို့ ဆင်တောင်လို့ခေါ်တာပေါ့။ လူအများစုက ဒီဆင်တောင်ဆိုတဲ့နေရာလေးမှာ သွားပြီးတော့ ပြေးရှောင်နေကြရတာပေါ့နော်။ တချို့ကျတော့ သူတို့ ဒီမှာတောင်ယာတွေရှိတယ်။ မိသားစုတွေရှိတယ်။ တချို့တောင်ယာမရှိတဲ့ မိသားစုလည်းရှိတယ်။ ဆိုတော့ အကုန်လုံး တောင်ယာရှိတဲ့ မိသားစုရဲ့တဲလေးနားမှာ လာခိုကပ်နေပြီး အတူတူနေကြတာပေါ့နော်။ တောင်ယာမရှိတဲ့ မိသားစုကျတော့ တောင်ကမ်းပါးလေးမှာ တဲနေထိုးပြီးတော့ အဲမှာနေကြတယ်။ သူတို့အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးရေးပေါ့နော်။ တအားခက်ခဲတယ်။ တချို့သော မိသားစုတွေကလည်း စားဝတ်နေရေးအတွက်ခက်တယ်။ တချို့ကျတော့လည်း ကျန်းမာရေးအပိုင်းပေါ့ ကလေးတွေတချို့ ဖျားနာတာတွေရှိတယ်” လို့ ပြောပါတယ်။ 

တိမ်းရှောင်နေရသူတွေဟာ ဒီးမော့ဆိုမြိုနယ်၊ ၆ မိုင်ကျေးရွာနဲ့ လီဝိုကျေးရွာက ဖြစ်ပါတယ်။ သူတို့တွေဟာ နေရပ်ပြန်ကြဖို့ ခက်ခဲနေပြီး တချို့ဆိုရင် တောင်ယာစိုက်ခင်းတွေ တနေ့ကို ဆန်နိုးဆီဘူး (၁) ဘူး (၂) ဘူးလောက်နဲ့ နေ့စားအလုပ်လုပ်နေကြ‌ရပေမယ့် နေစဉ်အလုပ်မရှိတာကြောင့် ဝမ်းရေးခက်ခဲနေပါတယ်။

 ဒီးမော့ဆိုမြိုနယ် ၆ မိုင်ကျေးရွာက  စစ်ဘေးရှောင်အမျိုးသမီးက “ညီအစ်ကိုမောင်နှမဟာပဲ ငှားရတယ်၊ နောက်ဆန်ခါကျတော့လည်း သူများဟာ တစ်ဘူးဆိုရင်တစ်ဘူး။ ၁၀ ဘူးဆိုရင်လည်း ၁၀ ဘူး သူများပေးသလောက်တော့ယူတယ်။ သူများငှားတဲ့ရက်ပေါ့။ သူများ မငှားတဲ့ရက်ကျတော့ ရှိတဲ့ဟာ နည်းနည်းနဲ့ ကပ်စားတယ်။ ဒီလိုဆက်ဖြစ်မယ်ဆိုရင် ငှားမယ့်လူမရှိဘူးဆိုရင် ငတ်သေမယ်လို့လည်း စိုးရိမ်တယ်။ ကလေးငတ်မှာလည်း စိုးရိမ်တာပေါ့နော်။” လို့ ပြောပါတယ်။

ဆင်တောင်ကျေးရွာအုပ်စုရဲ့ တောတောင်တွေမှာ လက်ရှိနေရပ်မပြန်နိုင်သူ ထောင်ဂဏာန်းရှိနေသေးပြီး သက်ကြီးရွယ်အို၊ မိခင်နဲ့ ကလေးတွေ အများဆုံးဖြစ်ပါတယ်။ 

ကယားပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ပြည်သူ့အစိုးရ NUG နဲ့ လူမူအဖွဲ့အစည်းတွေက ထောက်ပံ့တာတွေရှိနေပေးမယ့် တချို့နေရာတွေကိုတော့ အကူအညီတွေ ရောက်ရှိမလာသေးဘူး ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up