close

တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်‌ရေးမှူးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ ဦးတွေ့ရှိ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ဇူလိုင် ၈ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ ဦး တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

စစ်ဆေးတွေ့ရှိတဲ့ အတည်ပြုလူနာ ၁၈ ဦးထဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူရှိန်းနဲ့ ကျန်အတည်ပြုလူနာတွေကတော့ တောင်တွင်းကြီးမြို့နယ်အတွင်း ကျေးရွာတွေကဖြစ်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ထိစပ်သူတွေကို ထပ်မံစစ်ဆေးခဲ့ရာမှာတော့ ပိုးမတွေ့ရှိခဲ့ရဘူးလို့ မြို့နယ်ထွေအုပ်ရုံးက သိရပါတယ်။

တောင်တွင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူရှိန်းဟာ မကွေးမြို့မှာ ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီက ပြုလုပ်တဲ့ မကွေးတိုင်းစီမံအုပ်ချုပ်ရေး တိုင်းအဆင့် ကို ဗစ်ကာကွယ်ထိန်းချုပ်ရေးအစည်းအဝေးတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးမြို့မှာ ဇူလိုင် ၇ ရက်နေ့က တိုင်းလျှပ်စစ်ဝန်ထမ်းနဲ့ မိသားစု ၄ ဦး၊ တိုင်းစာရင်းရုံးဝန်ထမ်း ၁ ဦး၊ မကွေးစီးပွားရေးဘဏ်ဝန်ထမ်း ၁၂ ဦး၊ စစ်ကောင်စီအစိုးရဝန်ထမ်းနဲ့ မိသားစုအယောက် ၆၀ အပါအဝင် ၁၁၇ ဦး စံချိန်တင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရတယ်လို့ တိုင်းကျန်းမာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

တောင်တွင်းကြီးမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ ဒီနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၃ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ စာရင်းတွေအရတော့ တောင်တွင်းကြီးမှာ ကိုဗစ်-၁၉ ကြောင့် ဆရာတော် ၁ ပါးအပါအဝင် သေဆုံးသူ စုစုပေါင်း ၅ ဦးရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up