close

လွိုင်ကော်တွင် တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဦးတွေ့၊ စုစုပေါင်း ၂၉ ဦးရှိလာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဇူလိုင် ၈ ရက်နေ့ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဦးတွေ့ရှိတယ်လို့ ရွှေလွိုင်ကော်ပရဟိတအဖွဲ့ဆီက သိရပါတယ်။

ပိုးတွေ့လူနာတွေ အထဲမှာ ပြည်နယ်ထွေအုပ်ရုံးက ဝန်ထန်း တစ်ဦး ပါဝင်သလို တောင်ဈေးမှာ အသားငါးရောင်းတဲ့ ဈေးသည်တစ်ဦး ပါဝင်နေပါတယ်၊

ဒီကနေ့ ပိုးတွေ့သူတွေဟာ ဖျားနာပြီး အနံ့ပျောက်တာကနေ စစ်ဆေးရာမှာ positive တွေ့ရှိတာဖြစ်ပြီး လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉ ဦးအထိ ကုသမှုခံယူနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ဇွန် ၃၀ ရက်နေ့ကစပြီး အတည်ပြုလူနာ ၁ ဦး စတင်တွေ့ရှိခဲ့ပြီး တပတ်အတွင်းမှာပဲ ၂၉  ဦးအထိတိုးလာတာဖြစ်ပါတယ်။

အတည်ပြုလူနာထဲက တဦးကတော့ ဇူလိုင် ၆ ရက်ညက  နေမကောင်းလို့ ဆေးရုံပို့စဉ် သေဆုံးသွားခဲ့ပြီး သူ့ရဲ့ ရုပ်လောင်းကိုစစ်ဆေးရာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up