၁၉ နှစ်သားဆာကာကို ပင်နယ်တီကန်သွင်းခွင့်ပြုသည့်အပေါ် ဟာရီကိန်းဝေဖန်

မနေ့ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဆာကာကို အဆုံးအဖြတ်ပင်နယ်တီကန်သွင်းစေခဲ့တာကို အင်္ဂလန်ကစားသမားတွေ ခွင့်ပြုနိုင်မှာမဟုတ်ဘူးလို့ အသင်းခေါင်းဆောင် ဟာရီကိန်းကပြောပါတယ်။
ဆာကာဟာ အင်္ဂလန်ရဲ့ ၅ လုံးမြောက်ပင်နယ်တီကို ကန်သွင်းရာမှာ လွဲချော်ခဲ့ပြီးနောက် အင်္ဂလန်အသင်းဟာ အီတလီကို ရူံးနိမ့်ခဲ့တာပါ။ ဒီမတိုင်ခင်မှာ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ဟာလည်း ပင်နယ်တီမဝင်ခဲ့လို့ အီတလီက ၃ ဂိုး၂ ဂိုးနဲ့ နိုင်ပြီး ၂ ကြိမ်မြောက်ယူရိုချန်ပီယံဖြစ်ခဲ့တာပါ။
စတာလင် ဒါမှမဟုတ် ဂရေးလစ်ရှ်ဆိုရင် သူတို့ရှေ့မှာ ငယ်ရွယ်သေးတဲ့ ဆာကာကို ပင်နယ်တီ ကန်သွင်းခွင့်ပြုနိုင်မယ်မထင်ကြောင်း၊ ကိုယ့်ရဲ့ ရှေ့မှောက်မှာ ရှက်တက်တဲ့ ၁၉ နှစ်အရွယ်ကောင်လေးကန်သွင်းတာကို ခွင့်ပြုနိုင်မှာမဟုတ်ဘဲ သူတို့ကအတွေ့ အကြုံပိုများပြီး ၊ စတာလင်ကဆုဖလားတွေအများကြီး ရယူနိုင်ထားသူလို့ ဟာရီကိန်းကပြောပါတယ်။
အင်္ဂလန်အသင်းဟာ ပင်နယ်တီ ၅ လုံး ကန်သွင်းရာမှာ ဟာရီကိန်းနဲ့ မက်ဂွဲယားတို့ရဲ့ ကန်ချက်တွေဂိုးဝင်ခဲ့ပြီး အီတလီကို အသာရခဲ့ပေမဲ့ နောက်ဆုံး ၃ လုံး ဆက်တိုက်လွဲချော်ခဲ့တာ ကြောင့် ဆုဖလား လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်အရ ပင်နယ်တီကန်သွင်းသူ ရွေးချယ်တာကဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။