close

တောင်အာဖရိကသမ္မတဟောင်းဇူးမားကို ထောင်ဒဏ်ချမှတ်သည့်အပေါ် ကန့်ကွက်ဆန္ဒပြ

တောင်အာဖရိက သမ္မတဟောင်း ဂျက်ကော့ဘ် ဇူးမားကို ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဆန့်ကျင် ကန့်ကွက်တဲ့ သူတွေ အပြင်းအထန် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး လမ်းတွေထဲက တလမ်းကို ပိတ်ပြီး ကုန်ကားတွေကို သောကြာနေ့က  မီးရှို့ခဲ့ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီးလည်း  လူ ၂၈ ယောက်ကို ဖမ်းခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

သမ္မတဟောင်းက ဇူးမား ထောင်ဒဏ် ၁၅ လ ကျခံဖို့ သူ့ကိုယ်သူ ရဲလက်မှာ အဖမ်းခံခဲ့ပြီး  ဇူးမားရဲ့ ဇာတိ (KZN) ပြည်နယ်တလွှားအစိတ်အပိုင်းတွေမှာ ဒီသီတင်းပတ်အတွင်း ဆန္ဒပြပွဲ တွေ ပေါ်ပေါက်ခဲ့တာပါ။

(KZN) ပြည်နယ်ကခရိုင်အားလုံးမှာ လုံခြုံရေးတပ်ဖွဲ့တွေ တပ်ချထားပြီး သေဆုံး ဒဏ်ရာရသူတော့ မရှိသေးဘူးလို့ ရဲပြောခွင့်ရက ဆက်ပြောပါတယ်။

လက်ရှိသမ္မတ ရာမာဖှိုဆာကတော့ ရာဇဝတ်သားတွေဟာ ဥပဒေနဲ့အတိုင်း  ရင်ဆိုင်ရမယ်လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ဇူးမားဟာ ၉ နှစ်ကြာ သမ္မတ သက်တမ်းအတွင်း အဆင့်မြင့် အရာရှိတွေ ပါဝင်ပတ်သက် နေတဲ့ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးရာမှာ သက်သေပေးဖို့ အခြေခံဥပဒေခုံရုံးရဲ့ အမိန့်ကို အာခံမှုနဲ့ ထောင်ဒဏ် ကျခံရတာပါ။

ဇူးမားဟာ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဖို့ ငြင်းခဲ့ပြီး သူ့ ဦးဆောင်မှု အောက်မှာ အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်ဆိုတဲ့ စွဲချက်ကိုလဲ ငြင်းဆန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up