close

ဘိုကလေးမြို့နယ်ကို Stay at Home သတ်မှတ်

    ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း နေ့စဉ်ရောဂါ ကူးစက်ခံရသူနဲ့ သေဆုံးသူ များလာတာကြောင့် ဇူလိုင် ၁၇ ရက်က စပြီး Stay at home မြို့နယ် သတ်မှတ်လိုက်တယ်လို့  မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီထံက သိရပါတယ်။

ဘိုကလေးမြို့မှာ ဇူလိုင် ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၀ ဦး ၊ သေဆုံးသူ ၇ ဦး ရှိလာတာကြောင့် ဇူလိုင် ၁၇ ရက်ကနေ ၂၅ ရက်အထိ Stay at home သတ်မှတ်လိုက်ပြီး အပြင်မထွက်ဘဲ နေအိမ်မှာနေထိုင်ပေးကာ မိမိမြို့ကို ကာကွယ်ပေးဖို့ ကော်မတီက အသိပေးထားပါတယ်။

            ကိုဗစ်တတိယလိုင်းကာလ ဘိုကလေးမြို့နယ်က ဖိုးလေးရွာမှာ ကိုဗစ်အတည်ပြုလူနာ ၂ ဦး ဇွန် ၂၈ ရက်က စတင်တွေရှိခဲ့ပြီး ဇူလိုင် ၁၅ ရက်မှာတော့ ကိုဗစ်ရောဂါနဲ့ ဆေးရုံတက် ရောက်ကုသနေသူ အသက် ၇၁ နှစ်အရွယ် အမျိုးသမီး စတင် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up