close

ရုရှားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲနီးပါးရှိလာ

ရုရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၆ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၁ သိန်းခွဲနီးပါး ရှိလာခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၄ နေရာမှာ ရှိနေပါတယ်။

ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံး ထိပ်တန်း ၃ နိုင်ငံအနေနဲ့ အမေရိကန်က ရောဂါကူးစက် ခံရသူပေါင်း ၃၅ သန်းကျော်၊ သေဆုံးသူ ၆ သိန်း ၂ သောင်းကျော်၊ အိန္ဒိယက ရောဂါကူး စက်ခံရသူပေါင်း ၃၁ သန်းကျော်၊ သေဆုံးသူ ၄ သိန်းကျော်၊ ဘရာဇီးနိုင်ငံက ရောဂါကူး စက်ခံရသူပေါင်း ၁၉ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၄ သောင်းကျော်စီ အသီး သီးနဲ့ ရပ်တည်နေတာပါ။

လတ်တလော ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၄ နေရာမှာ ရှိနေတဲ့ ရုရှားနိုင်ငံမှာ တော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၃,၀၀၀ ကျော်ရှိခဲ့ပြီး ဆက်တိုက်ကူးစက်မှုနှုန်း ၀ ဒသမ ၄ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံနောက်မှာတော့ ပြင်သစ်နိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၅ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၁ သိန်း ၁ သောင်းကျော်နဲ့ ရှိနေတာပါ။

  ရုရှားကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V ကတော့ အိန္ဒိယကာကွယ်ဆေးထုတ် လုပ်သူ Serum Institute နဲ့ ပူးပေါင်းပြီး နှစ်စဉ်ကာကွယ်ဆေးသန်း ၃၀၀ ထုတ်လုပ်နိုင်ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုတွေ မြင့်တက်လာတဲ့ ရုရှားနိုင်ငံမှာ လေကြောင်းလိုင်း တွေက လေယာဉ်မှူးတွေ၊ လေယာဉ်အမှုထမ်းတွေအားလုံးကို အချိန် ၇၂ နာရီတိုင်း ကို ဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေး အေဂျင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။     

ဒါ့အပြင် လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ လူစုလူဝေးနဲ့ စုရုံးသွားလာတာတွေ၊ စား သောက်ဆိုင်တွေ အပါအဝင် ခရီးသွားဧည့်သည်တွေ ဝင်ရောက်ခွင့်တွေ ကန့်သတ်ပိတ်ပင် တာတွေကိုလည်း အရေးတကြီး လုပ်ဆောင်နေပါတယ်။

ရုရှားနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ စုစု ပေါင်းကတော့ ၅ ဒသမ ၅၈ သန်းကျော် ရှိနေပြီး ၄ သိန်း ၇ သောင်းကျေိာ်ကတော့ ဆေးရုံတက် ရောက်ကုသမှုခံယူနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up