စပိန်ကိုအနိုင်ယူပြီး အီတလီ ဗိုလ်လုပွဲတက်

မနေ့ညက ဝင်ဘလေကွင်းမှာ ကစားသွားတဲ့ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီတလီက စပိန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
မနေ့ညက ပွဲစဉ် ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ကြဘဲ ဒုတိယပိုင်းပွဲချိန် မိနစ် ၆၀ မှာ အီတလီအတွက် တောင်ပံကစားသမား ချီရေဆာက အဖွင့်ဂိုးသွင်းပေးခဲ့ပြီး မိနစ် ၈၀ မှာ မိုရာတာက စပိန်အတွက် ချေပဂိုးသွင်းပေးခဲ့တဲ့အတွက် ပွဲပြီးချိန် မိနစ် ၉၀ အထိ သရေကျနေခဲ့ပါတယ်။
အချိန်ပို မိနစ် ၃၀ မှာလည်း တဖက်နဲ့ တက်ဖက် ဂိုးထပ်မသွင်းနိုင်ဘဲ ပင်နယ်တီအဆုံးအဖြတ် ကန်ရာမှာ အီတတလီက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ စပိန်က အီတလီထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ပိုရခဲ့ပေမဲ့ အီတလီအသင်းဟာ ရှုံးပွဲမရှိ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။
အီတလီအသင်းဟာ သမိုင်းတလျှောက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ၆ ကြိမ်နဲ့ ယူရိုပြိုင်ပွဲဗိုလ်လုပွဲ ၄ ကြိမ်အထိ တက်နိုင်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ထားပါတယ်။