close

ပြည်မြို့၌ ၁ လအတွင်း သေဆုံးနှုန်း နှစ်ဆမြင့်တက်

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေအပါအဝင် ကိုဗစ်သံသယ အခြားရောဂါတွေနဲ့ သေဆုံးသူတွေကို သင်္ဂြိုဟ်ပေးရတာ အခုလမှာ ၂ ဆနီးပါး မြင့်တက်လာတယ်လို့ မီးသင်္ဂြိုဟ်စက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သြဂုတ် ၅ ရက်က ရိုးရိုးသာမာန် သေဆုံးသူ ၅ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးနဲ့ သံသယလူနာ ၁၂ ဦး စုစုပေါင်း ၂၃ ဦးထပ်မံသေဆုံးခဲ့တယ်လို့ ပရဟိတဆောင်ရွက်နေသူတဦးက ပြောပါတယ်။

“မနေ့ကတရက်တည်း ရိုးရိုးသာမာန် သေဆုံးသူအပါအဝင် စုစုပေါင်း ၂၃ ဦးသေဆုံးခဲ့တာပါ။ မီးသင်္ဂြိုဟ်ဖို့ နောက်ကျနေတာကြောင့် ပြည်ကုတင် ၅၀၀ ဆေးရုံကြီးက ရင်ခွဲရုံမှာ အတည်ပြုလူနာ ၁ ဦးနဲ့ သာမာန်သေဆုံးသူ ၁ ဦးရဲ့ ရုပ်အလောင်း ၂ လောင်းကျန်နေသေးလို့ ဒီနေ့မှ မီးသင်္ဂြိုဟ်မှာပါ” လို့ ပြောပါတယ်။

အရင်လတွေက ကိုဗစ်သံသယ အခြားရောဂါတွေနဲ့သေဆုံးမှုက တလလုံးပေါင်းမှ ၁၅၀ နဲ့ ၁၈၀ ဝန်းကျင်ပဲရှိခဲ့ပြီး အခုလမှာ ၂ ဆ နီးပါးမြင့်နေတာကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ပြည်မြို့မှာ ဇူလိုင်လဆန်းကနေ  သြဂုတ်လဆန်းအထိ တလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၁၇ ဦးအပါအဝင် ကိုဗစ်သံသယအခြားရောဂါတွေနဲ့ သေဆုံးသူ စုစုပေါင်း ၆၈၀ လောက်ရှိနေလို့ တစ်ရက်ကို ပျှမ်းမျှလူဦးရေ ၂၀ ဝန်းကျင် သေဆုံးနေတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up