close

ခင်ဦးမြို့နယ် မုံလှရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မုံလှကျေးရွာမှာ ဩဂုတ် ၇ ရက် မနက် ၁ နာရီလောက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “သူအိမ်က မူးရိုး (တူးမြောင်းဘေး) မှာရှိတာပါ။ ည ၁ နာရီလောက်က လူ  ၁၀ ယောက်ကျော်ပါတဲ့ အဖွဲ့က အိမ်ဖျက်ဝင်သွားတယ်။ မဆိုင်သူ အနားမကပ်နဲ့ ဆိုပြီး သေနတ်နဲ့ ပစ်တယ်၊ ဓားနဲ့ ဝိုင်းခုတ်သံလည်း ကြားတယ်။ ဇနီး နဲ့ သားသမီး ၃ ယောက်လည်း ရှိတယ်၊ သူတို့ကိုတော့ ဘာမှလုပ်မသွားဘူး” လို့ ပြောပါတယ်။

‌ သေဆုံးသူဟာ အသက် ၄၄ နှစ်ရှိတဲ့ မုံလှရွာသား ဦးဇော်မင်းနိုင် ဖြစ်ပြီး သူဟာ ကျေးရွာအတွင်းက CDM Supporting ကိစ္စတွေကို ဦးဆောင်ကန့်ကွက်လေ့ရှိတဲ့အပြင် ထောက်ပံ့ရဲတဲ့သူ ထောက်ပံ့ကြည့် ထောက်ပံ့သူရော အလှူခံတဲ့သူပါ  တိုင်မယ်လို့ ကြုံးဝါးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်သူတွေရဲ့ အသွားအလာကို စောင့်ကြည့်နေသူ တစ်ဦးလည်း ဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူ အုပ်ချုပ်ရေးမှူးအလောင်းကို ရင်ခွဲစစ်ဆေးဖို့ မနက် ၃ နာရီလောက်မှာ စစ်ကောင်စီက ခင်ဦးမြို့ ကို သယ်ဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်ကောင်စီ လက်ကိုင်တုတ် အုပ်ချုပ်ရေးမှူနဲ့ ဒလန်တွေကို အသတ်ခံရတာ ၁၆ ဦးရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up