close

ပြည်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ နှင့် သေဆုံးသူ ဆက်လက်မြင့်တက်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ နဲ့ ကိုဗစ်ကြောင့် သေဆုံးသူ ဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။

ကျန်းမာရေးဌာနနဲ့နီးစပ်သူတဦးက “ကူးစက်မှုနဲ့ သေဆုံးမှုက လျော့မသွားပါဘူး။ ကိုဗစ်နဲ့ သေဆုံးမှုဟာ တနေ့ကို ၁၀ ဦးအထက်ရှိနေတယ်။ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအားနည်းတာက အဓိအချက်ဖြစ်နေတယ်” လို့ ပြောပါတယ်။

ပြည်မြို့နယ်မှာ ကိုဗစ်ကူးစက်ခံရမှုဟာ သြဂုတ်လဆန်းကနေ ၁၁ နေ့အထိ အတည်ပြုလူနာ ၂၄၀ ဝန်းကျင်နဲ့ သေဆုံးသူ ၁၃၀ ကျော် ရှိခဲ့ပြီး ဇူလိုင်လအတွင်းကတော့ ကိုဗစ်ကူးစက်ခံရသူ ၅၅၀ ဝန်းကျင်နဲ့ သေဆုံးသူ ၂၅၀ ဝန်းကျင်ရှိခဲ့တယ်လို့  ပြည်မြို့အတွက် ကိုဗစ်အရေးမှတ်တမ်းပြုစုနေသူတွေဆီက သိရပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ သြဂုတ်လ ၁၁ ရက်နေ့အထိ စုစုပေါင်းကူးစက်ခံရသူ ၇၉၀ ကျော်နဲ့ သေဆုံးသူ ၃၈၀ ကျော်ရှိကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up