close

မင်းဘူးခရိုင်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၀၀ ကျော်နှင့် သေဆုံးသူ ၁၅၆ ဦးရှိလာ

မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင်အတွင်းမှာ သြဂုတ်လ ၁၂ ရက်နေ့အထိ တတိယလှိုင်း ကာလအတွင်းမှာ ကိုဗစ်အတည်ပြုလူနာ ၃၂၂၄ ယောက်တွေရှိပြီး ၁၅၆ ယောက်သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပိုးတွေ့လူနာတွေကတော့ မင်းဘူးမြို့နယ်က ၈၅၈ ယောက်၊ ပွင့်ဖြူမြို့နယ်က ၆၁၁ ယောက်၊ စလင်းမြို့နယ်က ၁၀၆၉ ယောက်၊ ငဖဲမြို့နယ်က ၂၂၉ ယောက်နဲ့ စေတုတ္တရာမြို့နယ်က ၄၅၇ ယောက်တွေ့ရှိခဲ့တာလို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။

သေဆုံးသူအများစုဟာ အောက်ဆီဂျင်ပြတ်တောက်သေဆုံးခဲ့တာဖြစ်ပြီး စစ်ကောင်စီက အောက်ဆီကျင်တွေကို အပိုင်စီးထိန်းချုပ်လိုက်တာကြောင့် ပြည်သူတွေအတွက် အောက်ဆီဂျင်ရရှိဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရတယ်လို့ ပရဟိတအဖွဲ့ဝင် တစ်ယောက်က ဆိုပါတယ်။

ပိုးတွေ့လူနာတွေ ဆေးရုံတက်ရောက်ကုသမယ်ဆိုရင်လည်း အောက်စီဂျင်အိုးပါမှသာ လက်ခံကုသပေးတဲ့အပြင် ကျန်းမာရေးဝန်ထမ်းလုံလောက်မှုမရှိတဲ့အတွက် လူနာတွေကို ဂရုတစ်စိုက် ကုသမပေးတာကြောင့် မိမိနေအိမ်တွေမှာပဲ အောက်ဆီဂျင်အိုးရှာဖွေပြီး ဖြစ်သလို ကုသနေကြရတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up