close

ချောက်မြို့တွင် ကြက်ဥ ၁ လုံး ကျပ် ၉၀ နှုန်းဖြင့် ပြည်သူမှ ပြည်သူသို့ ရောင်းချပေး

မကွေးတိုင်း၊ ချောက်မြို့မှာ အလှူရှင်တွေ၊ လူငယ်တွေနဲ့ ကမ်းလင့်လက်များပရဟိတအဖွဲ့တို့ စုပေါင်းပြီး ၈ ကြိမ်မြောက်အဖြစ် ပြည်သူမှ ပြည်သူသို့ ကြက်ဥအလုံး ၃၀၀၀ ကို စျေးနှုန်းချိုသာစွာနဲ့ ဒီကနေ့ သြဂုတ်လ ၁၅ ရက်က ရောင်းချပေးခဲ့ပါတယ်။

ပရဟိတအဖွဲ့ဝင်တစ်ဦးက “အမှတ် ၁၂ နယ်မြေ၊ သံကန်ကုန်းရပ်ကွက်နဲ့ အမှတ် ၁၀ နယ်မြေ၊ ပတ္တမြားအရှေ့ပိုင်း ရပ်ကွက်တွေမှာ နှစ်နေရာခွဲပြီး အခြေခံလူတန်းစားပြည်သူတွေကို ကြက်ဥတစ်လုံး ၉၀ ၊ တစ်ထောင်ဖိုး ၁၁ လုံးနှုန်း လျှော့စျေးနဲ့ ချို့တဲ့တဲ့ မိသားစုတွေကို အဓိကထားပြီး ရောင်းချပေးတာပါ” လို့ ပြောပါတယ်။

စျေးနှုန်းချိုသာစွာနဲ့ ကြက်ဥရောင်းချတဲ့ အစီအစဉ်ကို ဇူလိုင် ၂၆ ရက်နေ့က ပထမအကြိမ်အဖြစ် စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး နောက်ထပ်ရောင်းချပေးနိုင်အောင်လည်း ကြိုးစားသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up