မုံရွာမြို့ နာရီစင်အနီး ဗုံးပေါက်ကွဲ

2
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နာရီစင်နားမှာ သြဂုတ် ၁၅ ရက် မနက် ၈ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက်ပိုင်း ၈ နာရီက နာရီစင်နားမှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးယူနေတဲ့ကြားက ၈ နာရီခွဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
အဆိုပါ ဗုံးပေါက်ကွဲတာကြောင့် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်ဒဏ်ရာ ရရှိတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
မုံရွာမြို့မှာ ဩဂုတ် ၁၄ ရက်ကစလို့ နေရာအနှံ့လုံခြုံရေးများစွာ တင်းကျပ်ထားပြီး ဩဂုတ် ၁၅ ရက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။