close

ရေးမြို့နယ် အစင်စံပြကျေးရွာက အမျိုးသား ၃ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာမှာ  သြဂုတ် ၁၈ ရက် ည ၁၁ နာရီလောက် စစ်ကောင်စီတပ်နဲ့  ရဲတပ်ဖွဲ့၀င်တွေက သတင်းပေးတွေနဲ့အတူ  လာရောက်ပြီး ၁၅ နှစ်ရွယ် ၁ ဦးအပါအဝင် အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်တွေကို ဧည့်စာရင်း စစ်မယ်ဆိုပြီး ဝင်ရောက်ရှာဖွေကာ မသင်္ကာသူ ၃ ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က စစ်ကောင်စီရဲ့ သတင်းပေးတဦး အစင်ကျေးရွာမှာ အသတ်ခံရပြီးတဲ့နောက် ရေးမြို့နယ်နေရာအနှံ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး တင်းကျပ်လာပြီး မင်္သကာတဲ့ သူတွေကို လက်နက်ခဲယမ်း ပါမပါ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဖမ်းဆီးခံထားရတဲ့သူ အနည်းဆုံး ၃၀ ဝန်းကျင်ရှိပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အရေးယူထားသလို မတရားဖမ်းဆီးခံခဲ့ရတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up