ကျူးဘားအစိုးရ လူမှုကွန်ရက်သုံးစွဲခွင့် တင်းကြပ်စွာ ထိန်းချုပ်

ကျူးဘားအစိုးရက နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ ရေးသားဖြန့်ချိမှုတွေကို တားမြစ်ပိတ်ပင်တာအပါအဝင် လူမှုကွန်ရက်မီဒီယာ သုံးစွဲခွင့်အပေါ် ဒီသီတင်းပတ်ထဲမှာ ပိုတင်းတင်းကြပ်ကြပ် ထိန်းချုပ်လိုက်လို့ အင်တာနက် သုံးစွဲသူအများအပြားနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဒေါသထွက်ခဲ့ကြပါတယ်။
ဥပဒေအရ သတင်းမှားတွေ ဖြန့်ချိတာ၊ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ဒါမှမဟုတ် ပုတ်ခတ် ထိုးစစ်ဆင်တာနဲ့ လူထုကို လှုံ့ဆော်တာတွေကို တားမြစ်ပိတ်ပင် ထားပါတယ်။
ပြောင်ပြောင်တင်းတင်း ဆန့်ကျင် ချိုးဖောက်တဲ့ အလားအလာတွေကို တိုင်ကြားဖို့ ကျူးဘား ပြည်သူတွေအတွက် လမ်းကြောင်းတခုကိုလည်း ပံ့ပိုးပေးထားပါတယ်။
အခြေခံဥပဒေပါ အမိန့်ကို ချိုးဖောက်ဖို့ ကြိုးစားသူတွေဟာ ဆိုင်ဘာ အကြမ်းဖက်သမားတွေအဖြစ် မှတ်ယူခံရမှာလည်း ဖြစ်ပြီး ချိုးဖောက်မှုအတွက် ပြစ်ဒဏ်ဘယ်လိုလာမယ်ဆိုတာ မပြောထားပါဘူး။