close

အမေရိကန် လွှတ်တော်အဆောက်အအုံအနီး ဗုံးလန့်

အမေရိကန်လွှတ်တော်အဆောက်အအုံအနီးမှာ သြဂုတ် ၁၉  ရက်က သူ့ရဲ့ ပစ်ကပ်ထရပ်ကားပေါ်မှာ ဗုံးတစ်လုံးရှိတယ်လို့ ပြောတဲ့လူ တစ်ယောက်ကို  ဥပဒေအရာရှိတွေက စေ့စပ်ညှိနှိုင်းခဲ့ရပါတယ်။ 

အိမ်ဖြူတော်ကနေ တစ်မိုင်လောက် ကွာဝေးတဲ့ အခင်းဖြစ်ပွားရာကို အရေးပေါ်ယာဉ်တွေ အမြန်မောင်းနှင်သွားနေတာကြောင့် အနီးအနားရှိ အဆောက်အအုံ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ 

အဲ့ဒီလူရဲ့ရည်ရွယ်ချက်ကို မသိရှိခဲ့ပေမဲ့ သူဟာ လွှတ်တော်ကနေ လမ်းကိုဖြတ်လျှောက်ပြီး ကွန်ဂရက်စာကြည့်တိုက် အပြင်ဘက်မှာရှိတဲ့ မော်တော်ယာဉ်ကနေ တိုက်ရိုက်လွှင့်ခဲ့တယ်လို့ အမေရိကန်လွှတ်တော် တာဝန်ကျရဲတပ်ဖွဲ့က ပြောပါတယ်။

လွှတ်တော်ရဲချုပ် ဂျေသောမတ်စ်မန်ဂျာက  သတင်းထောက်တွေကို ပြောကြားခဲ့ရာမှာ အဲ့ဒီလူဟာ သူ့ရဲ့ကားကို လမ်းဘေးမှာရပ်ပြီး သူ့ဆီကို အရာရှိတယောက်က ချဉ်းကပ်လာတဲ့အခါ သူ့လက်ထဲမှာ ဒီတိုနေတာ ဖောက်ခွဲရေးပစ္စည်းလို့ ထင်ရတဲ့အရာကို ကိုင်ဆောင်ထားပြီး သူ့မှာ ဗုံး ရှိတယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။  ရဲတွေက အဲ့ဒီလူရဲ့ရည်ရွယ်ချက်ကို မသိဘူးလို့လည်း ဆိုပါတယ်။ 

ဒီဖြစ်ရပ်အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တခုရဖို့ စေ့စပ်ညှိနှိုင်းရေးသမားတွေလည်း ခက်ခက်ခဲခဲ ကြိုးစားနေရတယ်လို့ လွှတ်တော်ရဲချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာလည်း ကွန်ဂရက်စာကြည့်တိုက်နဲ့တူတဲ့ အဆောက်အအုံ တစ်ခုရဲ့အပြင်ဘက် လမ်းဘေးမှာရပ်ထားတဲ့ ထရပ်ကားတစီးထဲမှာ စကားပြောနေတဲ့ အမျိုးသား တစ်ဦး တိုက်ရိုက်လွှင့်တဲ့ ဗွီဒီယိုတစ်ခုပေါ်လာပြီး တော်လှန်ရေးက စနေပြီ၊ ဒီမှာဘဲ။ "ငါ (အမေရိကန်သမ္မတ) ဂျိုးဘိုင်ဒန်ကို ဖုန်းနဲ့ ဆက်သွယ်ဖို့ ငါကြိုးစားနေတယ်လို့ ပြောနေတာပါ။

ဒီဗွီဒီယိုဖိုင်ကို သံသယရှိသူက လုပ်ဆောင်တာ ဟုတ်၊ မဟုတ် ရဲတပ်ဖွဲ့က မပြောခဲ့ပါဘူး။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ရှိ၊ မရှိလည်း အတည်မပြုနိုင်ပါဘူးလို့ အမေရိကန် ဥပဒေ စိုးမိုးရေးအရာရှိ တစ်ယောက်က ပြောပါတယ်။ 

အမေရိကန်တရားရုံးချုပ် အပါအ၀င် အနီးအနားရှိ အဆောက်အအုံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ 

မက်ဒီဆင်ရုံး အဆောက်အအုံက လူတွေကိုလည်း သူတို့ရုံးခန်းတွေထဲမှာပဲ နေကြဖို့ ပြောထားပါတယ်။ အနီးအနားရှိ မြေအောက်ရထားဘူတာရုံကိုလည်း ပိတ်ထားခဲ့ပါတယ်။ မီးသတ်နဲ့ ကယ်ဆယ်ရေးကားတွေ ဦးတည်လာနေတာမို့ ရဲတွေကလွှတ်တော်အဆောက်အအုံ ပတ်၀န်းကျင်ရှိ လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။

ရဲတွေကိုအကူအညီပေးဖို့ ဗုံးပညာရှင်တစ်ဦးကိုလည်း စေလွှတ်ခဲ့သလို ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရိုကလည်း ဒီကိစ္စ တုံ့ပြန်ဆောင်ရွက်နေပါတယ်။ ပုံမှန်အားဖြင့် စည်ကားလှတဲ့ လွှတ်တော်ဧရိယာမှာ လူသူကင်းမဲ့နေပြီး အမေရိကန်အောက်လွှတ်တော်နဲ့ ဆီးနိတ်အထက်လွှတ်တော် အစည်းအဝေးတွေ ကျင်းပခြင်း မရှိပါဘူး။ 

ဇန်နဝါရီ ၆ ရက်က သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက  လွှတ်တော်ဆောက်အအုံကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ အဲ့ဒီနေရာကို လုံခြုံရေးမြင့်တဲ့ စည်းရိုးတွေ ကာရံထားခဲ့ကာ ဇူလိုင်လ လယ်မှာတော့ စည်းရိုးတွေ ပြန်ဖယ်ရှားထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up