close

ဟာရီကိန်းအတွက် မန်စီးတီးအသင်း နောက်ဆုံးအကြိမ် ကမ်းလှမ်းမည်

မန်စီးတီးအသင်းဟာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့အတွက် နောက်ဆုံးအကြိမ်က ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

ဟာရီကိန်းကို စပါးအသင်းက ရောင်းချလိုခြင်းမရှိပေမယ့်လည်း ကာယကံရှင် ကစားသမားကိုယ်တိုင်က အီတီဟတ်ဆီ ပြောင်းရွှေ့လိုနေတာက အဓိကအချက် တစ်ချက်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ 

မန်စီးတီးအသင်းဟာ ယူရိုပြိုင်ပွဲအပြီးကတည်းက ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး ၂ သင်းကြားမှာ အဆင်မပြေဖြစ်ခဲ့တာပါ။ 

ဟာရီကိန်းဟာ အပြောင်းအရွှေ့ကိစ္စသတင်းတွေ ထွက်ပေါ်နေချိန်မှာ စပါးအသင်းလေ့ကျင့်ရေးကွင်းကို အချိန်နောက်ကျမှ ပူးပေါင်းခဲ့လို့ အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်ခဲ့ပါသေးတယ်။ 

အသက် ၂၈ နှစ်ရှိ အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းအတွက် မန်စီးတီးက ပေါင်သန်း ၁၂၀ နဲ့ စံချိန်တင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားဖို့ရှိတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up