ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို လာမယ့်နှစ် ခေါ်ယူရန် မန်ယူအသင်း ပစ်မှတ်ထား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန် တိုက်စစ်မှူးဟာလန်းကို လာမယ့်နှစ်ရောက်မှ ခေါ်ယူ ဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ အခုနှစ်ရာသီမှာ ဒေါ့မွန်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
အခုနှစ်ရာသီအကုန်မှာ ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးကပေါင် ၆၄ သန်းသာရှိပြီး အဲဒီပြောင်းရွှေ့ကြေးကို မန်ယူအသင်းက ပေးချေပြီး ခေါ်ယူသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဂျာမန်သတင်းစာ BILD က ဖော်ပြခဲ့ပါတယ်။
ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာဟာလည်း ပေါ့ဘာ၊ အီဗရာဟီမိုဗစ်၊ မီခီတာယန် အစရှိတဲ့ ကစားသမားတွေကို ယူနိုက်တက်အသင်းဆီ ရောင်းချရာမှာ ညှိနိူင်းပေးခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် မန်ယူနည်းပြ ဆိုးလ်ရှားနဲ့ ဟာလန်းတို့ဟာလည်း ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ နော်ဝေကလပ် မိုဒီမှာ အတူလက်တွဲအလုပ်လုပ်ခဲ့ဖူးသူဖြစ်တာကြောင့် ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချပြီး လာမယ့်နှစ်မှာ မန်ယူအသင်းက ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။