အမေရိကန်တွင် ကိုဗစ်-၁၉ ကူးစက်ခံဦးရေ ၃၈ ဒသမ ၇၉ သန်းအထိ ရှိလာ

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူ စုစုပေါင်းဦးရေဟာ ဩဂုတ် ၂၉ ရက်နေ့မှာ ၃၈ ဒသမ ၇၉ သန်း ရှိခဲ့ပြီး ကူးစက်ခံ သေဆုံးသူဦးရေဟာလည်း ၆၃၇,၅၂၃ ယောက်ထိ ရှိခဲ့ပြီလို့ ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ စနစ်သိပ္ပံနဲ့ အင်ဂျင်နီယာဌာန CSSE ကို ကိုးကားပြီး စီစီတီဗီ ရုပ်သံက သြဂုတ် ၃၀ ရက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ နိုင်ငံသား ၃၆၇ သန်းကို ကာကွယ်ဆေးထိုးပေးပြီးပြီလို့လည်း CSSE က ပြောပါတယ်။
အမေရိကန်ဟာ လောလောဆယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေနဲ့ ကူးစက်ခံ သေဆုံးသူဦးရေ ကမ္ဘာ့အများဆုံးနိုင်ငံ ဖြစ်နေဆဲပါ။
အခုအချိန်ကနေ ဒီဇင်ဘာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ ဦးရေ နောက်ထပ် ၁ သိန်းလောက် ရှိနိုင်တဲ့အကြောင်း နောက်ဆုံးပေါ် တွက်ချက်နည်းတွေက ဟောကိန်းထုတ်ထားတယ်လို့ ဝါရှင်တန်တက္ကသိုလ်က ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။
ဒီအခြေအနေဟာ ဟန့်တားနိုင်ပြီး ဟောကိန်းထုတ်နိုင်သေးတဲ့ အခြေအနေလို့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကျန်းမာရေးအကြံပေး အရာရှိချုပ် အန်ထော်နီဖောင်စီက ပြောပါတယ်။