close

ပြင်ဦးလွင်တွင် ဩဂုတ်လအတွင်း ကိုဗစ်ရောဂါဖြင့် လူ ၂၀၀ ကျော် သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ဩဂုတ်လအတွင်းက ကိုဗစ်-၁၉ ရောဂါနဲ့  လူ ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်နာရေးကူညီမှုအသင်းက သိရပါတယ်။

ပြင်ဦးလွင် နာရေးကူညီမှုအသင်းရဲ့ ထုတ်ပြန်ချက်တွေအရ တခြားနေအိမ်နဲ့ ဆေးရုံဆေးခန်းတွေမှာ သေဆုံးခဲ့သူတွေကို သံသယလို့ သတ်မှတ်ပြီး ပြင်ဦးလွင် ခုတင် ၃၀၀ ဆေးရုံမှ ပို့ဆောင်သူတွေကို ကိုဗစ် အတည်ပြု လူနာအဖြစ် သတ်မှတ်ထားတာပါ။

ဩဂုတ်လအတွင်းမှာတော့ ကိုဗစ်ရောဂါ သံသယနဲ့ သေဆုံးသူ ၉၉ ယောက်ရှိခဲ့ပြီး positiveနဲ့ သေဆုံးသူ ၁၄၄ ယောက်ရှိခဲ့တယ်လို့ ပြင်ဦးလွင်နာရေးကူညီမှုအသင်းရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကိုဗစ်ရောဂါနဲ့  သေဆုံးသူ ၁၉၁ ယောက်ရှိခဲ့ပြီး အခု ဩဂုတ်လမှာတော့ ၂၀၀ ကျော်သေဆုံးခဲ့တာကြောင့် ဇူလိုင်လထက် သေဆုံးသူပိုများလာတာကိုတွေ့ရပါတယ်။

သေဆုံးသူအများစုကတော့ သက်ကြီးရွယ်အိုတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး တစ်ချို့က အိမ်မှာပဲ ကုသရာမှ အခြေအနေဆိုးလာမှ ဆေးရုံဆေးခန်းရောက်လာပြီး သေဆုံးသွားတာတွေလည်း ရှိတယ်လို့ မြို့ခံပရဟိတအသင်းတွေထံမှ သိရပါတယ်။

လက်ရှိမှာတော့ ကိုဗစ် အတည်ပြုလူနာ သေဆုံးသူတွေကို ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ကူညီပို့ဆောင် သင်္ဂြိုဟ်ပေးနေတာဖြစ်ပြီး သံသယလူနာတွေကို ပြင်ဦးလွင် ဆေးရုံ၊ အားကစားကွင်းသို့ ပို့ဆောင်ကာ ဆေးရုံဆင်းလူနာတွေကိုလည်း အိမ်အရောက်ပို့ဆောင်ပေးနေ ပါတယ်။

Photo- ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up